
5 May 2026

ကရင်နီပြည် စစ်ရှောင်တစ်နေရာ၌ ကရင်နီအမျိုးသမီးအစည်းအရုံးမှ ဦးစီး၍ ဖွင့်လှစ်သော Girl Shine သင်တန်းပိတ်ပွဲ အခမ်းအနားအား မေလ(၂)ရက်နေ့ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ Girl Shine သင်တန်းသည် (၇)လကြာမြင့်ပြီး ယုံကြည်မှု၊ လူမှုရေးနှင့် စိတ်ခံစားမှုစွမ်းရည်များ၊ ကျန်းမာရေး နှင့် တကိုယ်ရည်သန့်ရှင်းမှု၊ လုံခြုံဘေးကင်းမှု၊ စည်းလုံးညီညွတ်မှု၊ ရည်မှန်းချက်ထားရှိမှု စသည့် ခေါင်းစဉ်များအပါအဝင် အပိုင်း(၃၂)ပိုင်း အား ပို့ချပေးခဲ့ပါသည်။

Girl shine ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ “ မိန်းကလေးငယ်များ စွမ်းအားနှင့် အရင်းအမြစ်များ ပြည့်စုံပြီး ထိခိုက်မှုများမှ နလန် ပြန်ထနိုင်စွမ်းနှင့် မိမိအနာဂတ်အားဆုံးဖြတ်ရာတွင် ကျွမ်းကျင်မှုရှိစေရန်၊ နှင့် ဘဝအတွက်စွမ်းရည် နှင့် ရပိုင်ခွင့်များသည် အရေးပေါ် အခြေနေ များတွင် မိန်းကလေးငယ်များ၏ လုံခြုံဘေးကင်းရေးစွာ အရွယ်ရောက်ရေးအတွက်အရေးကြီးခြင်း စသဖြင့် ရည်ရွယ်၍ ယခု သင်တန်းအား ပို့ချရခြင်း ဖြစ်ပါသည်။

အဆိုပါ Girl Shine သင်တန်းတွင် မိန်းကလေးငယ် စုစုပေါင်း (၁၅)ဦး တက်ရောက် ပြီးမြောက်ခဲ့ပါသည်။




Karenni National Women's Organization (KNWO) is a non-profit community-based organization. KNWO was founded in 1993 by Karenni women who fled to Thailand seeking asylum from Myanmar's brutal military regime.