မတ်လ (၈) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ကရင်နီ အမျိုးသမီး အစည်းအရုံးမှ ဦးစီး၍ ကရင်နီပြည် စစ်ရှောင်တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားခြင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဖြစ်ပေါ်လာပုံ သမိုင်း ရှင်းပြခြင်း၊ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် တိုက်ပွဲအတွင်း ကျဆုံး သွားသော ရဲဘော်ရဲမေများအား အောက်မေ့ဖွယ် ဆုတောင်းခြင်း၊ ကရင်နီ ကြားကာလ ဒေသရအဆင့်တွင် အမျိုးသမီး ပါဝင်မှု အခြေအနေ စိန်ခေါ်ချက်များ ပြောပြခြင်း၊ နိုင်ငံရေးပဋိပက္ခ အပေါ် စစ်ရှောင်များ၏ မလုံခြုံမှု စိန်ခေါ်ချက် သဘောထားမှတ်ချက်များ၊ CRSV vedio ပြသခြင်းများ၊ လူသားချင်း စာနာထောက်ထားမှု အပေါ် အကူအညီရရှိအတွက် ကြုံတွေ့နေရသော စိန်ခေါ်ချက် vedio ပြသခြင်း ၊ ခွန်အားဖြစ်စေသော ဘဝ အကြောင်းများ မျှဝေခြင်း မေးခွန်း မေးမြန်းခြင်းနှင့် ဆုလက်ဆောင် ချီးမြှင်ခြင်း စသည့် အစီအစဥ်များ ပြုလုပ်သွားခဲ့ပါသည်။
ထို့ အခမ်းအနားသို့ ပြည်သူလူထု ၊ ဒေသရ အုပ်ချုပ်ရေး အဖွဲ့များ ၊ ဌာနဆိုင်ရာများ စုစုပေါင်း လူအင်အား (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။