
12 March 2026

ယနေ့ကျရောက်သော မတ်လ (၁၀)ရက်နေ့သည် ကရင်နီအမျိုးသမီးအစည်းအရုံး၏ (၃၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားအား ထိုင်း-ကရင်နီနယ်စပ် ၊ ဘန့်မိုင်နန်းဆွယ် ဒုက္ခသည် စခန်း ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားခြင်း၊ ကရင်နီအလံအလေးပြုခြင်းနှင့် ကရင်နီအမျိုးသမီး သီချင်း သီဆိုခြင်း KNWO သမိုင်းကြောင်း ပြန်လည် သုံးသပ် တင်ပြခြင်းနှင့် (၃၃) နှစ်တာ ကာလအတွင်း KNWO ဖြတ်သန်းခဲ့သော အတွေ့အကြုံများ၊ လှုပ်ရှားမှုများ၊ အောင်မြင်မှုများ မျှဝေခြင်း ၊ သက်တမ်း(၅)နှစ် (၁၀)နှစ် ဝန်ထမ်းများအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခြင်း ပြုလုပ်ခဲ့ပါသည်။
ထို့အပြင် KNWO နှင့် ချိတ်ဆက်ဆောင်ရွက်နေသော မိတ်ဖက် အဖွဲ့အစည်းများ၏ သဘောထား မှတ်ချက်များ ပြောကြားခြင်း၊ ပြည်သူ လူထု များအပေါ် ဝန်ဆောင်မှုပေးရာ၌ အောင်မြင်သည့် မှတ်တမ်း Vedio ပြသခြင်း၊ အနာဂတ် မျှော်မှန်းချက်နှင့် အတူတကွ ဆက်လက်လှုပ်ရှားရေး ကြေညာချက်ဖတ်ကြားခြင်း၊ ကိတ်ခွဲခြင်းများအပြင် ပရိုဂရမ်အလိုက် ဝန်ထမ်းများမှ ရိုးရာ အကများ ကပြဖျော်ဖြေခြင်း၊ လှယဉ်ကျေးမယ် အစီအစဉ်များ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထို့အခမ်းအနားသို့ KNWO ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ CBOs CSOsများ ၊ ပအိုဝ့် အမျိုးသမီးအစည်းအရုံးများ၊ ပြည်သူလူထု များ စုစုပေါင်း (၁၅၀)ဦး ခန့် တက်ရောက်ခဲ့ပါသည်။




Karenni National Women's Organization (KNWO) is a non-profit community-based organization. KNWO was founded in 1993 by Karenni women who fled to Thailand seeking asylum from Myanmar's brutal military regime.