
12 March 2026

KNWO ရှိ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး ပရိုဂရမ် အောက်ရှိ WSP ကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင် နှစ်တွင် လာရောက် ပညာသင်ကြားနေကြသော ကျောင်းသူများသည် ကျောင်းပညာရပ်များအပြင် ရပ်ရွာအတွင်း အသိပညာရပ်များ ဆိုင်ရာ လက်တွေ့လုပ်ဆောင်မှုများလည်း ကွင်းဆင်း လုပ်ဆောင်ခြင်းများ လုပ်ဆောင်လျက်ရှိသလို လူထုအကျိုးပြုလုပ်ငန်းများတွင်လည်း ပူးပေါင်းပါဝင် လုပ်ဆောင်လျက်ရှိ. ပါသည်။

သို့ဖြစ်ပါ၍ ရပ်ရွာအတွင်း အမှိုက်သရိုက်ကောက်ခြင်းများ၊ သက်ကြီး ရွယ်အိုများ အထီးကျန်မှု မဖြစ်စေရန်အတွက် စောင့်ရှောက်ခြင်း အဖော်အဖြင့် ပြုစုစောင့်ရှောက်ခြင်း၊ ဒဏ်ရာရ လူနာများအား နှစ်သိမ့် အားပေးခြင်းများ ၊ မ်ိမိတို့ WSP ကျောင်း ရည်ရွယ်ချက်နှင့်လှုပ်ရှားမှု အကြောင်းဆိုင်ရာ မျှဝေခြင်းများ လုပ်ဆောင်ချက် များကို ကျောင်းသူလေးများသည် အဖွဲ့များခွဲ၍ ခေါင်းစဥ်အလိုက်လှုပ်ရှားမှုများအား ဖေဖော်ဝါရီလအတွင်း လုပ်ဆောင်ခဲ့ပါသည်။


Karenni National Women's Organization (KNWO) is a non-profit community-based organization. KNWO was founded in 1993 by Karenni women who fled to Thailand seeking asylum from Myanmar's brutal military regime.