
16 January 2026

ကရင်နီပြည်နယ်သည် စစ်တပ်အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက် စစ်ရေးပြင်းထန်မှု အမြင့်ဆုံး ဒေသများတွင် ပါဝင်နေသလို ဒေသခံပြည်သူလူထုများသည် လုံခြုံမည်ဟု ထင်သော နေရာများ၌ နေရပ်စွန့်ခွာ ထွက်ပြေးသိမ်းရှောင်မှု များသထက် များလာကြပါသည်။
ကရင်နီ- ထိုင်း နယ်စပ် တစ်လျှောက် ထွက်ပြေး တိမ်းရှောင် လာကြသော စစ်ရှောင်ပြည်သူများအနက် အထူး လိုအပ်ချက် ရှိသော ခြားနားသန်စွမ်း(၁၀)ဦးအတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကရင်နီအမျိုးသမီး အစည်းအရုံးမှ အိမ်သာ (၁၀)လုံး တည်ဆောက်ပေးခဲ့ပါသည်။

အဆိုပါ အိမ်သာ ဆောက်လုပ်ပေးခြင်းသည် အထူးလိုအပ်ချက် ရှိသော ခက်ခဲပြီး အမှန်တကယ် လိုအပ်သော ခြားနာသန်စွမ်းများကို စိစစ်၍ ဆောက်လုပ်ပေးခြင်း ဖြစ်ပါသည်။

ကရင်နီအမျိုးသမီးအစည်းအရုံးမှ မိမိတို့ တတ်စွမ်းလက်လှမ်းမီသလောက် ခြားနာသန်စွမ်း များအတွက် ပံ့ပိုးကူညီမှုများ ဝန်ဆောင်မှု ပေးနေသော်လည်း ၎င်းတို့သည် မတူညီကွဲပြားသော အခက်အခဲ လိုအပ်ချက်များစွာ ရှိနေသေးသဖြင့် အထောက်အပံ့ အကူအညီများ လိုအပ်နေသေးကြောင်း တွေ့ရှိရပါသည်။



Karenni National Women's Organization (KNWO) is a non-profit community-based organization. KNWO was founded in 1993 by Karenni women who fled to Thailand seeking asylum from Myanmar's brutal military regime.