• |
Home
မျိုးစေ့များ ဖြန့်ဝေခြင်းနှင့် သဘာဝမြေဩဇာ ပြုလုပ်နည်း စာတွေ့/လက်တွေ့ နည်းပညာများ ပံ့ပိုးမှု သင်တန်း ပို့ချခြင်း

မျိုးစေ့များ ဖြန့်ဝေခြင်းနှင့် သဘာဝမြေဩဇာ ပြုလုပ်နည်း စာတွေ့/လက်တွေ့ နည်းပညာများ ပံ့ပိုးမှု သင်တန်း ပို့ချခြင်း

17 November 2025

မျိုးစေ့များ ဖြန့်ဝေခြင်းနှင့် သဘာဝမြေဩဇာ ပြုလုပ်နည်း စာတွေ့/လက်တွေ့ နည်းပညာများ ပံ့ပိုးမှု သင်တန်း ပို့ချခြင်း

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်

 

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ မှစတင်၍ ကရင်နီအမျိုးသမီးအစည်းအရုံးမှ ဦးဆောင်၍ ကရင်နီပြည်တွင်းရှိ စစ်ရှောင်ရွာ (၇) ရွာရှိ စစ်ရှောင်ပြည်သူများအား ဘဝကျွမ်းကျင်မှု အော်ဂဲနစ် ဓါတ်မြေဩဇာ(Life skill Organic fertilizer ) ပြုလုပ်နည်း သင်တန်းများ ပံ့ပိုးခဲ့ပါသည်။

သီးစုံ အမှည့်ဖြင့် သဘာဝမြေဩဇာပြုလုပ်နည်း

ကရင်နီပြည်ရှိ ပြည်သူအများစုသည် တောင်ယာ/လယ်ယာများဖြင့် စိုက်ပျိုးသီးနှံများအား ကိုယ်တိုင်စိုက်ပျိုး စားသောက်ကြပါသည်။ အဆိုပါ စိုက်ပျိုးမှုတွင် သီးနှံများအထွက်ကောင်းစေရန် သဘာဝမြေဩဇာများ၊ ဓါတ်မြေဩဇာများ ပိုမို သုံးစွဲလာကြပါသည်။

တိရိစ္ဆာန်ချေးများဖြင့် သဘာဝမြေဩဇာ ပြုလုပ်နည်း

ယခုအချိန်တွင် ပဠိပက္ခကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ စိုက်ပျိုးရန် မျိုးစေ့များ၊ ဓါတ်မြေဩဇာများလည်း အဆမတန် ဈေးမြှင့်တက်လာပါသည်။ ထို့ကြောင့် KNWO သည် စစ်ဘေးရှောင်ပြည်သူများထဲရှိ ဝင်ငွေခက်ခဲသော မိသားစုများ၊ မိသားစု ဦးစီးဦးဆောင် ဆောင်ရွက်နေကြသော အမျိုးသမီးများ အား အဓိက ထား၍  မျိုးစေ့များ ထောက်ပံ့ခြင်းများအပြင် စိုက်ပျိုးသီးနှံများ ရှင်သန်ကြီးထွားမှု အားကောင်းစေရန် သဘာဝ မြေဩဇာ ပြုလုပ်နည်း နည်းပညာအား စာတွေ့/ လက်တွေ့ သင်တန်းများ ပံ့ပိုးပေးလျက်ရှိပါသည်။

သဘာဝမြေဩဇာ ပြုလုပ်နည်း သင်တန်းပို့ချခြင်း

သဘာဝမြေဩဇာ အသုံးပြုခြင်းကြောင့် မိမိတို့ စိုက်ပျိုးမြေ မြေဆီလွှာများ ကောင်းမွန်လာခြင်း၊ သဘာဝ အသီးအနှံများအား ကျန်းမာရေးနှင့် ညီညွှတ်စွာ စားသောက်နိုင်ရန် အတွက် ရည်ရွယ်၍ ဤသင်တန်းပေး ရခြင်း ဖြစ်တယ်လို့  KNWO မှ တာဝန်ရှိသူ တစ်ဦးမှ ဆိုပါတယ်။

ဆက်လက်၍ သဘာဝမြေဩဇာကို မိမိတို့ စားသုံးထားသော သီးနှံ အခွံများဖြင့်သော်လည်း မွေးမြူထားသော ကြက်၊ဝက်၊နွား ချေးများဖြင့် သော်လည်းကောင်း ပြုလုပ်ရသည်ဖြစ်၍ အကုန်အကျသက်သာကာ စားသုံးသည့်အခါ၌ ကျန်းမာရေးနှင့် ညီညွှတ်မှုရှိကြောင်း ဆိုပါတယ်။

တိရိစ္ဆာန်ချေးများဖြင့် သဘာဝမြေဩဇာ ပြုလုပ်နည်း

တိရိစ္ဆာန်ချေးများဖြင့် သဘာဝမြေဩဇာ ပြုလုပ်နည်း

တိရိစ္ဆာန်ချေးများဖြင့် သဘာဝမြေဩဇာ ပြုလုပ်နည်း

ငါးအမိုင်နိုအက်စစ် ပြုလုပ်ခြင်း

KNWO logo

Karenni National Women's Organization (KNWO) is a non-profit community-based organization. KNWO was founded in 1993 by Karenni women who fled to Thailand seeking asylum from Myanmar's brutal military regime.

PO Box 31, Mae Hong Son, THAILAND
[email protected] facebook.com/KarenniNationalWomenOrganization