ကရင်နီအမျိုးသမီးအစည်းအရုံးသည် စစ်ရှောင်စခန်းများသို့ စားနပ်ရိက္ခာများ ထောက်ပံ့ခြင်း၊ အခြေခံလိုအပ်ချက်များ ထောက်ပံ့ခြင်း၊ အမိုးအကာများ ထောက်ပံ့ခြင်း၊ ငွေသားများပံ့ပိုးခြင်း၊ တစ်ကိုယ်ရည်သုံး ပစ္စည်းများထောက်ပံ့ခြင်းများ ဆောင်ရွက်ပံ့ပိုးပေးလျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ဖယ်ခုံစစ်ရှောင်၊ ဒီးမော့ဆို၊ လွိုင်ကော်၊ ရှားတော၊ မယ်စဲ့ တို့တွင် စားနပ်ရိက္ခာ ထောက်ပံ့မှု (၂၁၅၂) အိမ်ခြေ ၊ ငွေသားပံ့ပိုးမှု (၁၉၅၂) အိမ်ခြေ ၊ တစ်ကိုယ်ရည်သုံး ပစ္စည်း ထောက်ပံ့မှု (၆၀၀) ဦး တို့အားထောက်ပံ့ပေးခဲ့ပါသည်။
ထို့အပြင် ကရင်နီ-ထိုင်း နယ်စပ်တစ်လျှောက် ရှိ စစ်ရှောင်များရှိ အထူးလိုအပ်ချက် ရှိသူများဖြစ်သော မိဘမဲ့များ ၊ ခြားနားသန်စွမ်း၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်သည်များ အား တစ်ကိုယ်ရည်သုံးနှင့် အခြေခံလိုအပ်ချက်(အစားအသောက်၊ မိုးကာ၊ အသုံးဆောင်)များကို (၅၂) ဦးအား ထောက်ပံ့ခြင်းနှင့် စစ်ရှောင်အသစ် ရောက်ရှိလာသူများအား အခြေခံ အသုံးဆောင်အမိုးအကာများ ထောက်ပံ့ခြင်း (၆၇၄) အိမ်ခြေ အား ထောက်ပံ့ပေးခဲ့ပါသည်။
စစ်ရှောင်များသည် စစ်ရှောင်ကာလ ကြာရှည်လာသည်နှင့်အမျှ လိုအပ်ချက်များ ပိုမိုများပြားလာကြောင်းနှင့် KNWO မှ ထောက်ပံ့ဆောင်ရွက်မှုများ လုပ်ဆောင်နေသော်လည်း စစ်ရှောင်များ၏ လိုအပ်ချက် များစွာ ရှိနေသေးကြောင်း တွေ့ရှိနေရပါသည်။