• |
Home
အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးကျောင်း(WSP)

အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးကျောင်း(WSP)

18 August 2025

အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးကျောင်း(WSP)
ကရင်နီအမျိုးသမီးအစည်းအရုံးသည် “ကရင်နီ အမျိုးသမီးနှင့် မိန်းကလေးငယ်များသည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ရွေးချယ်ခွင့်၊ ဦးဆောင်နိုင်ခွင့်နှင့် နိုင်ငံရေး ၊ စီးပွားရေး၊ လူမှုရေးများတွင် တန်းတူ အခွင့်အရေး အပြည့်အဝခံစားရရှိပြီး အကြမ်းဖက်မှုမှ လွတ်မြောက်ခြင်း ရှိစေရမည်” ဟူသော မျှော်မှန်းချက်နှင့်အညီ ကဏ္ဍအလိုက် ပရိုဂရမ် အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ မိန်းကလေးငယ်များအား ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ရွေးချယ်ခွင့် ၊ ဦးဆောင်နိုင်ခွင့်များ ကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သက်ဆိုင်ရာ ကဏ္ဍအသီးသီး၊ အဆင့်အသီးသီးတွင် ပါဝင်နိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၀၆ ခုနှစ်မှ စတင်၍ အမျိုးသမီးစွမ်းရည်မြင့်တင်ရေးကျောင်းကို ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။

(၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်းသူလေးများ

စတင်ဖွင့်လှစ်သင်ကြားခဲ့သည့် အချိန်မှစ၍ ဒေသဖွံ့ဖြိုးမှု၊ ခေတ် ဖွံ့ဖြိုးတိုးတက်မှုများနှင့် အညီ ကျောင်းစာ သင်ရိုးညွှန်းတမ်းများကိုလည်း ပြင်ဆင်ဖြည့်စွက်ချက်များ ပြုလုပ်ဆောင်ရွက် သင်ကြားပေးလျက်ရှိပါသည်။

သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အသိပညာများ ဝေမျှနေမှု မှတ်တမ်း

ယခုနှစ် (၂၀၂၅-၂၀၂၆) ပညာသင်နှစ်တွင် ကျောင်းသူ(၂၉)ဦးကို လက်ခံသင်ကြားပေးလျက်ရှိပြီး ကျောင်းဘာသာရပ် (၄)ခုအား အထူးပြု သင်ကြားပေးလျက်ရှိသည့်အပြင် အမျိုးသမီးများ စွမ်းရည်မြင့်တင်ပေးစေသည့် ကျောင်းပြင်ပ လှုပ်ရှားမှုများ ကိုလည်း အခါအားလျော်စွာ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ယခုနှစ်တွင် ကျောင်းသူများ အသိအမြင် ပိုမိုကြွယ်ဝလာစေရန်၊ အမြင်များ ပွင့်လင်းလာစေရန်၊ ခေတ်နှင့်အညီ ရှင်သန် နေထိုင်တတ်ရန် ရည်ရွယ်၍ အပတ်စဉ် သောကြာနေ့ ရောက်တိုင်း နယ်ပယ် ကဏ္ဍအသီးသီးတွင် ဦးဆောင် ဆောင်ရွက်နေကြသော ခေါင်းဆောင် များနှင့် အသိပညာ တတ်ကျွမ်းပညာရှင်များအား ဖိတ်ကြားပြီး ကျောင်းတွင် အသိပညာများ လာရောက်ဟောပြောခြင်း အစီအစဉ် တစ်ရပ်ကို ထည့်သွင်းလုပ်ဆောင်နေလျက်ရှိပါသည်။

၂၀၂၄ ခုနှစ်တွင် ကိုးရီးယားနိုင်ငံရှိ ကျောင်းသား/သူများနှင့် Exchangeပြုလုပ်မှု မှတ်တမ်း

၂၀၂၄ ခုနှစ်တွင် ကိုးရီးယာနိုင်ငံရှိ ကျောင်းသူ/သားများနှင့် Exchange လှုပ်ရှားမှု မှတ်တမ်း

ထို့အပြင် Women’s Education for Advancement and Empowerment ( WEAVE)၏ ချိတ်ဆက်ပေးမှုဖြင့်  ပြင်ပ နိုင်ငံများဖြစ်သော ကိုးရီးယားနိုင်ငံ ၊ ဖိလစ်ပိုင် နိုင်ငံရှိ ကျောင်းသူကျောင်းသားများနှင့်လည်း Exchange program များလည်း အလျင်သင့်ရင် သင့်သလို လုပ်ဆောင်ပေးလျက်ရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ဖိလစ်ပိုင်နိုင်ငံရှိ ကျောင်းသား/သူများနှင့် Exchangeပြုလုပ်မှု မှတ်တမ််း

၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ဖိလစ်ပိုင်နိုင်ငံရှိ ကျောင်းသား/သူများနှင့် Exchange ပြုလုပ်မှု မှတ်တမ်း

KNWO logo

Karenni National Women's Organization (KNWO) is a non-profit community-based organization. KNWO was founded in 1993 by Karenni women who fled to Thailand seeking asylum from Myanmar's brutal military regime.

PO Box 31, Mae Hong Son, THAILAND
[email protected] facebook.com/KarenniNationalWomenOrganization