• |
Home
CP kits ထောက်ပံ့မှု

CP kits ထောက်ပံ့မှု

22 September 2026

CP kits ထောက်ပံ့မှု

ကရင်နီပြည်အတွင်းရှိ IDP စခန်း ၃ နေရာတွင်အရေးပေါ်ရွေ့ပြောင်းနေထိုင်လာသော အသက် ၂ နှစ်မှ ၁၈ နှစ်အောက် ကလေးများနှင့်ဆယ်ကျော်သက်များအတွက် CP Kits စုစုပေါင်း ၃၇၇ စုံ ကို ဖြန့်ဝေပေးသွားခဲ့ပါသည်။

CP Kits များတွင် ကလေးများနှင့်ဆယ်ကျော်သက်များ၏ အသက်အရွယ်နှင့် လိုအပ်ချက်အလိုက် သင်ယူရေး၊ ကစားရေးနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုနိုင်သော အခြေခံပစ္စည်းများ ပါဝင်ပါသည်။


ပဋိပက္ခနှင့် နေရပ်စွန့်ခွာရွှေ့ပြောင်းမှုများကြောင့် ထိခိုက်ခံစားနေရသော အသက် ၂ နှစ်မှ ၁၈ နှစ်အောက် ကလေးများ၏ လုံခြုံမှု၊ ကာကွယ်စောင့်ရှောက်မှုနှင့် စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှုကို မြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။ ထို့အပြင် ကလေးများအတွက် အခြေခံလိုအပ်ချက်များနှင့် သင်ယူကစားနိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိစေရန်အတွက် ရည်ရွယ်၍ CP Kits များကို ထောက်ပံ့ပေးသွားခဲ့ပါသည်။

ဖြန့်ဝေခြင်းလုပ်ငန်းစဉ်တွင် ကလေးများနှင့် ဆယ်ကျော်သက်များ၏ အကာအကွယ်လိုအပ်ချက်၊ အသက်၊ ကျား/မနှင့် အထူးလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပြီး မျှတစွာ ပံ့ပိုးပေးသွားခဲ့ပါသည်။

#KNWO
#CP Kits

KNWO logo

Karenni National Women's Organization (KNWO) is a non-profit community-based organization. KNWO was founded in 1993 by Karenni women who fled to Thailand seeking asylum from Myanmar's brutal military regime.

PO Box 31, Mae Hong Son, THAILAND
[email protected] facebook.com/KarenniNationalWomenOrganization
Copyright © 2025-2026 All Rights Reserved - KNWO | Karenni National Women's Organization

Site by Bordermedia