
22 September 2026

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်
ထိုင်း-ကရင်နီနယ်စပ် အမှတ်(၁) ဒုက္ခသည်စခန်း တွင် ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO) လက်အောက်ရှိ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးကျောင်း (WSP) တွင် အဲ့ဒိုပေါ်မီ (ဒီးကူ)ပွဲကို ဒီကနေ့ စက်တင်ဘာလ (၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် အဲ့ဒိုပေါ်မီ(ဒီးကူ)ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်များ ပြောကြားခြင်း၊ ရိုးရာအကများ ကပြခြင်းနှင့် Fashion Show အစီအစဉ်များ လည်း ပြုလုပ်ခဲ့ပါသည်။

ကိုယ့်ရဲ့ ရိုးရာဓလေ့၊ ယဉ်ကျေးမှုကို မပပျောက်စေရန်နှင့် သိရှိနားလည်ပြီး ထိန်းသိမ်းတတ်ရန်အတွက် လည်းကောင်း စိတ်ပိုင်းဆိုင်ရာ နှင့် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင် စွမ်းရည်များကို ဖော်ထုတ်မြှင့်တင်ရန် ရည်ရွယ်ပြီး မိမိကိုယ်ပိုင် ကိုယ်စွမ်းဉာဏ်စွမ်း များဖြင့် ဝတ်စုံဒီဇိုင်း ဖန်တီး ဝတ်ဆင်ပြသခြင်းကိုပါ ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ ကရင်နီအမျိုးသမီး အစည်းအရုံးက ဆိုပါတယ်။

ဒါ့အပြင် ကျောင်းသူတစ်ဦးချင်းစီရဲ့စွမ်းရည်၊ ဖန်တီးနိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေကို ထုတ်ဖော်ပြသနိုင်တဲ့ အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေအတွက် ကိုယ့်မှာရှိတဲ့ အရည်အချင်းကို အသိအမှတ်ပြုဖို့၊ ကိုယ့်ရဲ့အသံကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ဖို့နဲ့ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ အမျိုးသမီးတွေ ဖြစ်လာဖို့ လို့ ဆိုပါတယ်။

အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသော ဧည်သည်များ၊ ကရင်နီအမျိုးသမီးအစည်းအရုံးမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသူ မိဘများ၊ ကျောင်းသူ(၂၇) ဦး အပါအဝင် စုစုပေါင်း လူဦးရေ (၅၀)ကျော် တက်ရောက်ခဲ့ပါသည်။




#KNWO
#WSP
#ehdohpawmi

Karenni National Women's Organization (KNWO) is a non-profit community-based organization. KNWO was founded in 1993 by Karenni women who fled to Thailand seeking asylum from Myanmar's brutal military regime.
Site by Bordermedia