
22 September 2026

KNPP ပါတီ၏ အတွင်းရေးမှူး (၂) အဖြစ် ရွေးချယ်ခံရသော **မော်သဲမာ** နှင့် KSCC ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသော **မူအန်ဂျလာ** တို့အား ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) အနေဖြင့် လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
အမျိုးသမီးများအနေဖြင့် ကရင်နီပြည်၏ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်သည့် အခန်းကဏ္ဍများတွင် ပိုမိုပါဝင်လာနိုင်ရန်အတွက် ယခုကဲ့သို့ အမျိုးသမီးခေါင်းဆောင်များ ရွေးချယ်ခံရခြင်းသည် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။
အမျိုးသမီးများ၏ အသံ၊ အမြင်နှင့် အတွေ့အကြုံများသည် အုပ်ချုပ်ရေးနှင့် နိုင်ငံရေးဆုံးဖြတ်ချက်များတွင် ပိုမိုထင်ဟပ်ပါဝင်လာနိုင်မည်ဟု မျှော်လင့်ပါသည်။
ထို့အပြင် KNWO အနေဖြင့် မော်သဲမာနှင့် မူအန်ဂျလာတို့၏ တာဝန်သစ်များအပေါ် လေးစားစွာ အသိအမှတ်ပြုကာ ကရင်နီပြည်သူများနှင့် အထူးသဖြင့် အမျိုးသမီးများအတွက် အကျိုးပြုနိုင်မည့် လုပ်ငန်းစဉ်များတွင် အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာမည်ဟု ယုံကြည်ပါသည်။
**KNWO အနေဖြင့် တာဝန်သစ်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။**


#KNWO
#KNPP
#KSCC

Karenni National Women's Organization (KNWO) is a non-profit community-based organization. KNWO was founded in 1993 by Karenni women who fled to Thailand seeking asylum from Myanmar's brutal military regime.
Site by Bordermedia