
10 August 2026

ကရင်နီအမျိုးသမီးအစည်းအရုံးမှ ထိုင်-ကရင်နီ နယ်စပ် စစ်ရှောင်စခန်း နှင့် ဘန့်မိုင်နန်းဆွယ် ဒုက္ခသည် စခန်းရှိ ဆယ်ကျော်သက်လူငယ်လူရွယ် ပြည်သူလူထုများအား နည်းပညာအသုံးပြု ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှု (TFGBV) အသိပညာဆွေးနွေးပွဲ မျှဝေခြင်း ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အွန်လိုင်းနှင့် ပတ်သက်သော လိင်ပိုင်းအကြမ်းဖက်မှုရာများ၊ ခြိမ်းခြောက်မှုများ ၊ ဓါတ်ပုံ/ ဗီဒီယို အလွှဲသုံးစားပြုမှုများ၊ လိမ်လည်မှုများ၊ လူမှုကွန်ရက်စာမျက်နှာများတွင် စော်ကားမှုများ၊ အမုန်းစကားဖြန့်ဝေခြင်းခြင်း စသည့် အွန်လိုင်းအန္တရာယ်ဆိုင်ရာ အသိပညာများ မျှဝေခြင်းများအပြင် ဒစ်ဂျစ်တယ် လုံခြုံရေးဆိုင်ရာများ အသိပညာများလည်း မျှဝေခဲ့ပါသည်။

နည်းပညာ တိုးတက်လာသည်နှင့်အမျှ အွန်လိုင်းကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတဲ့အလျောက် လူကြီး/လူငယ်မရွေး အွန်လိုင်းမှ အကြမ်းဖက်မှုများကို ခံစားလာကြပါသည်။ အကျိုးဆက်အနေဖြင့် ရေတို ရေရှည် စိတ်ပိုင်း၊ ရုပ်ပိုင်း ၊ လူမှုရေးနှင့် ဥပဒေရေးရာအထိ ကျယ်ပြန့်စွာ သက်ရောက်လာနိုင်သဖြင့် ယခုလို ဆွေးနွေးပွဲအား ကျင်းပရခြင်းဖြစ်ပါသည်။
#KNWO
#TFGBV
#stoponlineharmmyanmar

Karenni National Women's Organization (KNWO) is a non-profit community-based organization. KNWO was founded in 1993 by Karenni women who fled to Thailand seeking asylum from Myanmar's brutal military regime.